Thursday, 15 November 2018


**Computer ရှိ Send toတွင် Drive,Program များထည့်သွင်းနည်း**

ကွန်ပျူတာမှာ File,Program,Software များကို 
Copy,Cut,Paste မလုပ်ပဲနဲ့  နေရာတစ်နေရာမှ 
အခြားနေရာတစ်နေရာသို့ အလွယ်တကူ ပြောင်း၊
ရွေ့၊ကူးထားချင်ရင် အဲ့ဒီ Program,Software,
File အပေါ်ကို Right Click နှိပ်ပြီး Send To နဲ့
ရွေးပြောင်းကူးထားနိုင်ပါတယ်။ ထို Send To 
မှာလည်း ကွန်ပျူတာရဲ့မှုရင်း(Default)အတိုင်း
မဟုတ်ပဲ မိမိစိတ်ကြိုက် ပို့ ထားချင်သော နေရာ၊ 
Programs, Drive Location များကို ထပ်ပေါင်း
ထည့်ထားနိုင်ပါတယ်။ Send To မှာ Programs,
Drive Location ထပ်ပေါင်းထည့်ဖို့ Windows 7
ဆိုရင် Control Panel\Folder Options ထဲကို
ဝင်သွားပြီး View Tab အောက်မှာ Show Hidden
File ဆိုတာကို အမှန်ခြစ်ထားပေးပါ။ Windows 10 
ဆိုရင် Explorer ကိုဖွင့်ပါ။ Menu ပေါ်က View ကို
နှိပ်ပြီး Hidden Items ဆိုတာကို အမှန်ခြစ်ထားပါ။
အောက်က Path လမ်းအတိုင်း ဝင်သွားလိုက်ပါ။

C:\Users\aungt\AppData\Roaming\Microsoft\Windows\Send To

Run box မှာ shell:sendto ကို ရိုက်ထည့်ပြီးဝင်နိုင်ပါတယ်။

aungt ဆိုတဲ့နေရာမှာ အခုဝင်သုံးနေတဲ့ အကောင့်
နာမည်ကို ရွေးပါ။ Send To အောက်ကိုရောက်သွားရင်
ကွန်ပျူတာရဲ့ မှုရင်း(Default) Send To ပို့ လို့ရတဲ့
Location,Programs တွေကို မြင်တွေ့ ရပါမယ်။
အဲ့ဒီ Send To မှာ Drive E:\ ကို ပို့ထားမယ်ဆိုပါစို့။
စက်ထဲက Drive E:\ ကို Right Click နှိပ်၊ Create 
Shortcut ကို နှိပ်ပါ။ Desktop ပေါ်မှာ E:\ Shortcut
ရောက်သွားရင် အဲ့ဒီ E:\ Shortcut ကို Cut လုပ်ပြီး
ခုနတုန်းက Send To အောက်မှာ Paste ချလိုက်ပါ။
File,Program,Software တစ်ခုအပေါ်ကို Right Click
ထောက်၊ Send To ကို နှိပ်လိုက်ရင် ခုနတုန်းက
ထည့်ထားတဲ့ Drive E:\ ထဲကို ပို့ လို့ ရသွားပါပြီ။

credit:
*Min Thant*











No comments:

Post a Comment

English , Myanmar Typing လေ့ကျင့်လိုသူများတွက်  ==================================== Software Download ပြုလုပ်ရန် https://drive.goo...